This version of the page http://burmese.voanews.com/a/3658124.html (0.0.0.0) stored by archive.org.ua. It represents a snapshot of the page as of 2017-01-16. The original page over time could change.
ဂရိသံအမတ်သတ်ဖြတ်သူ ဘရာဇီးလ် ရဲထံဝန်ခံ

သုံးရလွယ်ကူစေသည့် Link များ

  • ပင်မအကြောင်းအရာသို့ကျော်ကြည့်ရန်
  • ပင်မအညွန်းစာမျက်နှာသို့ကျော်ကြည့်ရန်
  • ရှာဖွေရန်နေရာသို့ကျော်ရန်
  • Learning English
ဘာသာစကားများ
နိုင်ငံတကာ

ဂရိသံအမတ်သတ်ဖြတ်သူ ဘရာဇီးလ် ရဲထံဝန်ခံ

  • ဗွီအိုအေ (မြန်မာပိုင်း)

ဂရိသံအမတ်ရဲ့ ဇနီးကို ရဲတို့ကစောင့်ကြပ်ခေါ်ဆောင်လာပုံ။(ဒီဇင်ဘာ ၃၁၊ ၂၀၁၆)

  • Facebook တွင်ဖြန့်ဝေရန်
  • Twitter တွင်ဖြန့်ဝေရန်
  • မိတ်ဆွေတဦးထံအီးမေးလ်ပို့ရန်

ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ်ရဲ့ ဇနီးနဲ့ ဖောက်ပြန်နေတဲ့ ဘရာဇီးလ်ရဲကသံအမတ်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတာ ၀န်ခံလိုက်ပြီလို့ ဘရာဇီးလ် ရဲတို့ကပြောပါတယ်။ သံအမတ်ကို တနင်္လာနေ့မှာ အသက်ရှင်လျှက် နောက်ဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။ Rio de Janeiro မြို့အနီး Nova Iguacu အရပ်မှာ မီးလောင်ထားတဲ့ ဌားလာတဲ့ ကားထဲမှာ သံအမတ် Kyriakos Amiridis လို့ ယူဆရတဲ့ အလောင်းတလောင်း ကိုတွေ့ခဲ့တယ်လို့ စုံစမ်းရေးတွေကပြောပါတယ်။သံအမတ်စုံတွဲဟာ အားလပ်ရက်အပန်းဖြေခရီးအဖြစ် အဲ့ဒီကို ရောက်နေတာဖြစ်ပြီး ဇန်န၀ါရီလ ၉ ရက်နေ့မှာ အလုပ်ပြန်ဝင်ဖို့ရှိနေတာပါ။

ဒါပေမယ့်လည်းတနင်္လာနေ့ညမှာ အိမ်ကနေ ထွက်သွားတဲ့ သံအမတ် ပြန်ရောက်မလာဘူးဆိုပြီး ဇနီးဖြစ်တဲ့ Françoise Oliveira ကရဲဌာနကို ဗုဓ္ဒဟူးနေ့က အကြောင်းကြားခဲ့တာပါ။ သံအမတ်စုံတွဲ အပန်းဖြေနေတဲ့အိမ်က ဆိုဖာပေါ်မှာ သံအမတ်ဆီကလို့ ယူဆရတဲ့ သွေးစ တွေ တွေ့ရတယ်လို့ စုံစမ်းရေးအရာရှိတွေကသောကြာနေ့မှာ ပြောပါတယ်။

သံအမတ်ကို တနင်္လာနေ့ နှောင်းပိုင်းအဲဒီ အိမ်မှာ သတ်ပြီးတော့ အလောင်းကို ကားထဲရွှေ့ခဲ့တာလို့ ရဲအရာရှိ Sergio Moreira က၀န်ခံပါတယ်။ အဲ့ဒီနောက် ကားကို အခုရှာတွေ့တဲ့နေရာဆီမောင်းပို့ပြီး မီးရှို့ ခဲ့တာပါ။

အလောင်းကို ရဲအရာရှိရဲ့ ဝမ်းကွဲတယောက်က ငွေကြေးလက်ခံပြီး ကူညီရွှေ့ပေးခဲ့တယ်လို့ ရဲတို့က ယူဆထားပါတယ်။ သံသယရှိခံထားရတဲ့ သံအမတ်ရဲ့ ဇနီး၊ ရဲအရာရှိနဲ့ ၀မ်းကွဲ တို့ကို ရဲဌာနမှာ ထိန်းသိမ်းထားပါတယ်။ သံအမတ်ဇနီးမောင်နှံမှာ အသက် ၁၀ နှစ်အရွယ်သမီးတဦးရထားပါတယ်။

နောက်ဆုံးလွှင့် တီဗွီအစီအစဉ်

  • တနင်္ဂနွေနေ့ တီဗွီမဂ္ဂဇင်း (၀၁.၁၅.၁၇)

နောက်ထပ်

စိတ်ဝင်စားဖွယ် ...

  • မြန်မာ

    ရခိုင် အကြံပေးကော်မရှင် ရခိုင်တောင်ပိုင်းသွားရောက်စုံစမ်းမည်

  • နိုင်ငံတကာ

    သမ္မတကျမ်းသစ္စာဆိုပွဲ မတိုင်ခင် Trump ဆန့်ကျင်ရေး ဆန္ဒပြမှုများ

  • နိုင်ငံတကာ

    အောက်လွှတ်တော်အမတ် John Lewis ကို Trump တုံ့ပြန်ဝေဖန်

  • မြန်မာ

    ကုလအထူးကိုယ်စားလှယ် မောင်တောရောက်ရှိလေ့လာ

  • နိုင်ငံတကာ

    ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု Trump ဆက်ထားမည်

  • နိုင်ငံတကာ

    Trump ကျမ်းကျိန်ပွဲ ဆန္ဒပြမှုတွေရှိမည်

Back to top
XS
SM
MD
LG