This version of the page http://burmese.voanews.com/a/3568436.html (0.0.0.0) stored by archive.org.ua. It represents a snapshot of the page as of 2016-11-10. The original page over time could change.
ရေယာဉ်များလိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရ ညွှန်ကြား

သုံးရလွယ်ကူစေသည့် Link များ

  • ပင်မအကြောင်းအရာသို့ကျော်ကြည့်ရန်
  • ပင်မအညွန်းစာမျက်နှာသို့ကျော်ကြည့်ရန်
  • ရှာဖွေရန်နေရာသို့ကျော်ရန်
  • Learning English
ဘာသာစကားများ
မြန်မာ

ရေယာဉ်များလိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရ ညွှန်ကြား

  • မအေးအေးမာ

ရေယာဉ်များ လိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရညွှန်ကြား Photo- Min Kyaw Thu Htay

  • Facebook တွင်ဖြန့်ဝေရန်
  • Twitter တွင်ဖြန့်ဝေရန်
  • မိတ်ဆွေတဦးထံအီးမေးလ်ပို့ရန်

အောက်တိုဘာ ၁၅ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းတွင်း ဟုမ္မလင်းကနေ မုံရွာကို ပြေးဆွဲတဲ့ ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုကြောင့် လူ ၇၀ ကျော်သေဆုံးမှုတွေ ဖြစ်ခဲ့ရပြီးနောက်၊ ရေကြောင်းသွားလာမှု လုံခြုံဘေးကင်းရေးအတွက် ရေယာဉ်ပြေးဆွဲသူတွေ လိုက်နာဖို့ စည်းကမ်းချက်တွေကို စစ်ကိုင်းတိုင်းပြည်နယ်အစိုးရကနေ ထုတ်ပြန်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတွင်းသွားလာနေတဲ့ ရေယာဉ်တွေမှာ လူနဲ့ကုန်အဆမတန် တင်ဆောင်မှုတွေကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင်လည်း သွားရောက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဟုမ္မလင်းမြို့ကနေ မုံရွာမြိုကို ခရီးသည်တွေတင်လာတဲ့ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ခဲ့ပြီးတဲ့နောက်လူ၁၅၀ကျော် အသက်ရှင်ခဲ့ပြီး လူ ၇၀ ကျော်သေဆုံးမူဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့ နောက်ထပ်ရေယာဉ်နစ်မြုပ်တာတွေ ဆက်မဖြစ်ဖို့အတွက်ေ၇ယာဉ်အသင်းတွေလိုက်နာဖို့ စည်းကမ်းချက် ၂၅ ချက်ကို ထုတ်ပြန်လိုက်တယ်လို့ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်း ကပြောပါတယ်။

“ထုတ်ပြန်ထားပါတယ် မနေ့ကပဲ ကျနော်တို့ သတ်မှတ်ထားတဲ့ လူဦးရေ သတ်မှတ်မှုတွေ အစိုးရရုံးကနေပြီးတော့ စည်းကမ်းချက် ၂၅ ချက်ပဲတဲ့စာ ထုတ်ထားပါတယ်။ အဓိကတော့ လူပိုမတင်ဖို့ပေါ့၊၊ နောက်တချက်က ခရီးသည်တင်တဲ့ရေယာဉ်မှာ ကုန်မတင်ဖို့ပေါ့ သတ်မှတ်တဲ့ ဦးရေထက်ပိုမတင်ဖို့ပေါ့နော် ညမမောင်းဖို့ပေါ့ နောက်တချက်က သတ်မှတ်ထားတဲ့ ရေယာဉ်ရပ်နားရမယ့်နေရာတွေမှာ ညအိပ်ရပ်နားဖို့ပေါ့ ဒါတွေက အဓိက ပါပဲ။”

ဒီနေ့မှာတော့ မုံ၇ွာညောင်ပင်ကြီး ကတို့ဆိပ်ကမ်းကို ၀န်ကြီးနဲ့ အတူအစိုးရအဖွဲ့က သွားရောက်ကြည့် ရူခဲ့ပြီး ခရီးသည်တွေ အဆမတန်တင်တာတွေဆက်မဖြစ်ဖို့အတွက် သွားရောက်သတိပေးခဲ့ပါတယ်။ အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်ပြီး ခရီးသည် အများအပြား သေဆုံးမူဖြစ်ပြီးတဲ့နောက် ရေယာဉ်တချို့ဟာ ဆက်လက်ပြီးလူအများအပြားကို တင်ဆောင်နေတာတွေရှိနေတဲ့အတွက် ဒေသခံတွေက ဝေဖန်ထောက်ပြမူတွေလည်းရှိနေတာပါ။ဒီလို ဆက်ပြီးတော့ ခရီးသည်တွေအဆမတန်တင်နေတဲ့အပေါ်မှာ အရေးယူဆောင်ရွက်မူတွေလုပ်ဖို့ ရှိသလားလို့ မေးတဲ့အခါမှာတော့ ၀န်ကြီးကအခုလိုဖြေပါတယ်။

“ဥပဒေနဲ့ အရေးယူမှာပါ ပြောပြီးသားဖြစ်ပါတယ်။”

ရေယာဉ်တွေကို ထပ်ပြီးတိုးချဲ့ပြေးဆွဲဖို့ အစီစဉ်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ရေယာဉ်ပေါင်း ၅၉၀ ရှိတဲ့အတွက် စည်ကမ်းအတိုင်းသွားရင် စိတ်ချလုံခြုံမှုရှိပြီးေ၇ယာဉ်လုံလောက်မူရှိတယ် ဆိုပြီးဆက်ပြောပြပါတယ်။

“မနည်းပါဘူး အများကြီးပါပဲ။ လူ၊ကုန်တင်တဲ့ ရေယာဉ်က ၅၉၀ ရှိပါတယ်။”

အောင်စိုးမိုးကျော်ရေယာဉ်ဟာ စစ်ကိုင်းတိုင်း ဟုမ္ပလင်း-ဖောင်းပြင်-မော်လိုက်-ကလေးဝ ဂိတ်ကနေ ခရီးသည် ၂၀၀ကျော် တင်ဆောင်လာပြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။ နီးစပ်ရာကျေးရွာသားတွေနဲ့ ဟိတသုခလူမူရေးအသင်း၊ ကင်းရွာပရဟိတအဖွဲ့တွေ နဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ခဲ့တာကြောင့် လူ ၁၆၀ နီးပါးသာ အသက်ရှင်ခဲ့ပြီး လူ၇၀ကျော်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ သီတင်းကျွတ် ကျောင်းပိတ်ရက်ပြန်လာကြတဲ့ ကျောင်းဆရာဆရာမတွေအများဆုံးပါဝင်တာပါ။ ရေယာဉ်နစ်မြုပ်မူဖြစ်ပြီး တပတ်ခန်အကြာမှာတော့ အစိုးရကသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီးေ၇ယာဉ်ဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်မူတွေလုပ်သွားမယ်လို့ ပြောဆိုခဲ့သလို အခုအခါမှာ ရေယာဉ်လိုင်းများလိုက်နာဖို့ အတွက်စည်းကမ်းချက် ၂၅ ချက်ပါတဲ့စာကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

  • ရေကြောင်းခရီးဘေးကင်းရေး ဥပဒေပြင်ဆင်မယ်

  • ချင်းတွင်းမြစ်သွား စက်လှေနစ်မြုပ်မှု အလောင်း ၇၀ ကျော်ရရှိ

တိုက်ရိုက်ထုတ်လွှင့် စမ်းသပ်

နောက်ဆုံးလွှင့် တီဗွီအစီအစဉ်

  • နေ့စဉ် တီဗွီသတင်းလွှာ ၁၁.၀၉.၂၀၁၆

နောက်ထပ်

စိတ်ဝင်စားဖွယ် ...

  • မြန်မာ

    ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

  • အမေရိကန်သမ္မတရွေးကောက်ပွဲ

    ရွေးချယ်ခံ ကန် သမ္မတကို မြန်မာ ကြိုဆို

  • နိုင်ငံတကာ

    အမေရိကန်ပြည်နယ်တွေ မဲရုံနောက်ဆုံးရလဒ် - Trump က ကိုယ်စားလှယ်မဲ ၂၆၄ မဲ၊ Clinton ၂၁၅ မဲ

  • အမေရိကန်သမ္မတရွေးကောက်ပွဲ

    သမ္မတလောင်းနှစ်ဦး အောင်ပွဲခံဖို့ နယူးယောက်မှာ စောင့်စား

  • ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ

    အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ် အင်္ဂါနေ့ ညသန်းခေါင် အဖြေထွက်မည်

  • အမေရိကန်သမ္မတရွေးကောက်ပွဲ

    အမေရိကန်တဝှမ်း မြန်မာတွေ မဲပေး

Back to top
XS
SM
MD
LG