Voice of America http://burmese.voanews.com Voice of America is an international news and broadcast organization serving Central and Eastern Europe, the Caucasus, Central Asia, Russia, the Middle East and Balkan countries http://www.voanews.com/img/voa/rssLogo_VOA.gif Voice of America http://burmese.voanews.com my 2012 - VOA 60 Sun, 10 Jul 2016 09:21:47 +0630 Pangea CMS – VOA မြန်မာမြောက်ပိုင်း ဘေးမဲ့တော UNESCO စာရင်းဝင်နိုင်ရေး ဆောင်ရွက် "ကမ္ဘာ့အမွေအနှစ်ဒေသကြီး ဖြစ်ပြီဆိုရင် ကမ္ဘာကလည်း သိသွားရင် ကျနော်တို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေအတွက်လည်း ဧည့်သည်တွေလည်း အများကြီး လေ့လာနိုင်မယ်။ ကိုယ့်ပြည်တွင်းက လူတွေလည်း ပိုပြီးတော့ လေ့လာနိုင်မယ်။" http://burmese.voanews.com/a/unesco-burma-/3407340.html http://burmese.voanews.com/a/unesco-burma-/3407340.html Thu, 07 Jul 2016 06:48:55 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) မြန်မာ့တည်ငြိမ်မှု အခြေအနေ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု အခြေအနေဟာ သတိနဲ့ စောင့်ကြည့်ရမယ့် အဆင့်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ နိုင်ငံတွေရဲ့ တည်ငြိမ်မှု အခြေအနေကို စောင့်ကြည့် ထုတ်ပြန်တဲ့ Fund for Peace အဖွဲ့ရဲ့ ၂၀၁၆ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ http://burmese.voanews.com/a/fragile-states-index-of-myanmar/3399833.html http://burmese.voanews.com/a/fragile-states-index-of-myanmar/3399833.html Fri, 01 Jul 2016 06:30:07 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) အီးယူကနေ ခွဲထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြည်တွင်းပြဿနာ ဗြိတိန်ရင်ဆိုင် "လက်ရှိ အခြေအနေမှာ စီးပွားရေးအခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာ ကျနော့်စိတ်ထဲမှာ သံသယ မရှိပါဘူး။” http://burmese.voanews.com/a/brexit-eu-reacts/3398280.html http://burmese.voanews.com/a/brexit-eu-reacts/3398280.html Thu, 30 Jun 2016 08:26:30 +0630 နိုင်ငံတကာnoreply@voanews.com (ရဲခေါင်) ပဲခူးတိုင်း သူရဲသမိန် မူဆလင်တချို့ တိုက်ခိုက်ခံရ သူတို့ဘက်က ကောလာဟာလတွေ ပြောတာတော့ အများကြီးရှိတယ်။ ရဲစခန်းဘက်ကတော့ သူတို့ပြောတာတွေကို အတည်မပြုဘူးခင်ဗျ။ အဲဒီနေ့က သူ အလုပ်လုပ်နေတုန်းမှာ အပြင်က လူတွေက ဘာသာရေး အဆောက်အဦး ဆောက်နေတယ်လို့ စွပ်စွဲပြီးတော့ ရန်ဖြစ်ကြတယ် လို့ ပြောတယ်ခင်ဗျ။ http://burmese.voanews.com/a/bago-region-attack-on-muslim-villagers/3389755.html http://burmese.voanews.com/a/bago-region-attack-on-muslim-villagers/3389755.html Fri, 24 Jun 2016 05:29:10 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) ထိုင်းအစိုးရနဲ့ ဒေါ်စု လူ့အခွင့်အရေးဆွေးနွေးဖို့ HRW တိုက်တွန်း လိင်လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေပေါ်မှာ အခိုင်းခံကြရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နှိပ်စက်ညှဉ်းပန်း ခံရတာရှိသလို၊ တခါတရံ အသတ်ခံရတာလည်း ရှိပါတယ်။ ဒီလို စိုးရိမ်မကင်းဖြစ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိုင်းအစိုးရနဲ့ တွေ့ဆုံရာမှာ ပြောဆိုဆွေးနွေးလိမ့်မယ်လို့ မျှော်လင့် http://burmese.voanews.com/a/daw-suu-thai-trip/3388528.html http://burmese.voanews.com/a/daw-suu-thai-trip/3388528.html Thu, 23 Jun 2016 07:27:10 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) LGBT တွေအပေါ် မြန်မာတို့ သဘောထားပြောင်းစေချင် အခု ဒီလိုမျိုး အလုပ်ခံရတယ် ဆိုတော့ ပိုပြီးတော့ ကျွန်တော်တို့ အခွင့်အရေးတွေအတွက် ရင်ဆိုင်တိုက်ပွဲဝင်သွားဖို့ အများကြီး လိုသေးတယ်ဆိုတာကို သတိပေး တပ်လှန့်လိုက်သလိုမျိုး ခံစားရတယ်။ http://burmese.voanews.com/a/myanmar-lgbt-react-on-orlando-shooting/3380260.html http://burmese.voanews.com/a/myanmar-lgbt-react-on-orlando-shooting/3380260.html Fri, 17 Jun 2016 06:55:28 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) Orlando အကြမ်းဖက်မှု နိုင်ငံတကာ တုံ့ပြန် တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်လားမားက အော်လန်ဒိုမြို့ အကြမ်းဖက် တိုက်ခိုက်မှုဟာ အလွန် ၀မ်းနည်းကြေကွဲစရာ ဖြစ်ရပ်လို့ ပြောလိုက်ပြီး၊ ဘာသာရေးအရ သဟဇာတဖြစ်စွာ နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ပြောသွားပါတယ်။ http://burmese.voanews.com/a/orlando-shooting-international-react/3374856.html http://burmese.voanews.com/a/orlando-shooting-international-react/3374856.html Tue, 14 Jun 2016 06:46:43 +0630 နိုင်ငံတကာnoreply@voanews.com (ရဲခေါင်) မြန်မာနိုင်ငံ ငြိမ်းချမ်းမှု အဆင့်တိုး "ကျွန်တော်တို့ရဲ့ တွက်ချက်မှု အရ မငြိမ်းချမ်းတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးကို ဒေါ်လာ ၁၉ဘီလျံ လောက် ဆုံးရှုံးစေခဲ့ပါတယ်။ နိုင်ငံ ဂျီဒီပီရဲ့ ဂ ရာခိုင်နှုန်းလောက်ရှိပါတယ်။" http://burmese.voanews.com/a/global-peace-index-/3369364.html http://burmese.voanews.com/a/global-peace-index-/3369364.html Fri, 10 Jun 2016 01:08:51 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) NRPC ဘာပိုထူးသလဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ NRPC ဟာ ယခင် MPC နဲ့ ဘာတွေ ကွာခြားမှု ရှိမလဲ ဆိုတဲ့ သုံးသပ်ချက်များ။ http://burmese.voanews.com/a/3359422.html http://burmese.voanews.com/a/3359422.html Fri, 03 Jun 2016 05:40:29 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) မြန်မာနိုင်ငံမှာ ကန်-တရုတ် စီးပွားပြိုင်ကြမလား စီးပွားရေးဆိုတာ တစ်ဘက်က ဘာမှ အကျိုးမရှိပဲ ကျန်ခဲ့တဲ့ zero-sum game မျိုး မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဆက်ဆံမှု တိုးလာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်က လွှမ်းမိုးထားတဲ့ အခြေအနေက ပြောင်းသွားဦးမှာ မဟုတ်ပါဘူး။ http://burmese.voanews.com/a/us-china-economic-rivalry-/3348253.html http://burmese.voanews.com/a/us-china-economic-rivalry-/3348253.html Fri, 27 May 2016 06:55:59 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) ဖားကန့် ဒေသ ဥပဒေ စိုးမိုးမှု မဲ့နေ လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ နဲ့ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဟာ လုံခြုံရေး စိုးရိမ်စရာရှိပြီး ဒေသတွင်း တည်ငြိမ်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က တင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့ အရေးကြီး လိုအပ်တယ် လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။ http://burmese.voanews.com/a/no-rule-of-law-in-phakant/3342778.html http://burmese.voanews.com/a/no-rule-of-law-in-phakant/3342778.html Tue, 24 May 2016 02:39:15 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) လိင်တူချစ်သူ အခွင့်အရေး ကင်းမဲ့ဆဲ ပုဒ်မ ၃၇၇ ဆိုတာ ဒီ LGBT လူ့အဖွဲ့အစည်းကို ခွဲခြားနေတာပဲ ဖြစ်ပါတယ်။ ဒီပုဒ်မ အပြင် ရဲအက်ဥပဒေ လို့ ခေါ်တဲ့ ပုဒ် ၃၅ (ဃ)တို့၊ ၃၀ (ဃ) တို့ဟာလည်း LGBT တွေကို ဒုက္ခပေးနေတဲ့ ဥပဒေတွေ ဖြစ်နေတာ တွေ့ရပါတယ်။ http://burmese.voanews.com/a/idaho-day-celebration-in-myanmar/3336730.html http://burmese.voanews.com/a/idaho-day-celebration-in-myanmar/3336730.html Thu, 19 May 2016 07:40:02 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) ပိတ်ဆို့မှုလျှော့ချရေး ကန်စီးပွားရေး သုံးသပ်သူတွေ မျှော်လင့်ချက် အမေရိကန် ကုမ္ပဏီတွေကို မြန်မာဆိပ်ကမ်းတွေ ကနေ ကုန်ပစ္စည်းတင်ပို့ ခွင့် ပေးလိုက်တာ ယာယီဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စပြီး၊ လာမယ့် ဂျွန်လမှာ သက်တမ်းကုန်မှာပါ။ အဲဒီ ခွင့်ပြုချက်ကို သက်တမ်းတိုးရင်တိုး၊ မတိုးရင်လည်း ကြေညာချက် အသစ် ထုတ်ပြန်ပေးမှ ဖြစ်မှာပါ။ http://burmese.voanews.com/a/us-business-hopeful-sanction-relax/3333442.html http://burmese.voanews.com/a/us-business-hopeful-sanction-relax/3333442.html Tue, 17 May 2016 07:29:46 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) အရေးယူမှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း "အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေး မလုပ်ဖို့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။" http://burmese.voanews.com/a/hr-groups-urges-not-to-life-sanctions-on-burma/3326799.html http://burmese.voanews.com/a/hr-groups-urges-not-to-life-sanctions-on-burma/3326799.html Thu, 12 May 2016 06:43:51 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) ၂၀၁၆ မြန်မာ့ စီးပွား တိုးတက်မှု အားကောင်းမည် မြန်မာနိုင်ငံမှာ အခုနှစ် ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်မှုတွေ ရမယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်းသုံးသပ်ကြချိန်မှာ NLD အစိုးရအနေနဲ့ အခွင့်အလမ်းကောင်းတွေကို အသုံးချနိုင်ဖို့ ထိရောက်တဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်နိုင်ဖို့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ ၀ါရှင်တန် ဒီစီ အခြေစိုက် စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။ အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အင်အားကောင်းကောင်းနဲ့ တိုးတက်လာပြီး၊ နိုင်ငံ ဂျီဒီပီရဲ့ ၈.၄ ရာခိုင်နှုန်းအထိ တိုးတက် လိမ့်မယ့်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ က ခန့်မှန်းထားပါတယ်။ ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ဌာနခွဲက Chief Economist ဖြစ်တဲ့ Sudhir Shetty က အခုနှစ် မြန်မာနိုင်ငံမှာ ပက်သက်ပြီး၊ အစိုးရသစ်ကို အာဏာလွဲပြောင်းမှု ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာဟာ နိုင်ငံရဲ့ စီးပွားရေးအပေါ် အကောင်းမြင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။ ” မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပက်သက်ပြီး အကောင်းမြင် ခန့်မှန်းထားရတဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ တခုကတော့ နိုင်ငံရေး အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုက ထင်ထားတာထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာ မြင်ခဲ့ရပါတယ်။ ဒီလို နိုင်ငံရေးအရ သေချာမှု ရှိလာတာကြောင့် အားကောင်းတဲ့ စီးပွားရေး ဖြစ်လာဖို့ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့ရှိနေတာကြောင့်ပါ။ အထူးသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးမှာပါ။ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တာ နဲ့ ဖြန့်ဖြူး အသုံးပြုမှု အကြား ကြီးမားတဲ့ ကွာဟချက်ဖြစ်နေတာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီအခြေအနေတွေ အားလုံးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်တွေမှာ အားကောင်းကောင်းနဲ့ တိုးတက်လာဖို့ ရှိနေပါတယ်။” စီးပွားရေးနဲ့ ပတ်သက်ရင် NLD အစိုးရသစ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုအချို့ကိုလည်း မစ္စတာ Sudhir Shetty က အခုလို အကြံပြု ပြောဆိုခဲ့ပါတယ်။ “အစိုးရအနေနဲ့ ငွေကြေးကဏ္ဍမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံရနိုင်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်အနေနဲ့ အများပြည်သူ ၀န်ဆောင်မှုကဏ္ဍနဲ့ အခြေခံ အဆောက်အဦး တည်ဆောက်တာလိုမျိုး နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆို တာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အစိုးရဘက်က အခွန် ဘဏ္ဍာငွေ ကောက်ခံရရှိမှုက အရမ်းကို နည်းနေပါသေးတယ်။” မြန်မာနိုင်ငံရေး စီးပွားရေး အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ၀ါရှင်တန် ဒီစီ အခြေစိုက် Brooking Institution အဖွဲ့က စီးပွားရေး ပညာရှင် Lex Reiffel ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု မြန်မာနိုင်ငံမှာ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့် ငါးနှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအပေါ် သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း ခုလို ပြောပါတယ်။ “NLD အစိုးရအနေနဲ့ အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပါ။ ဒါက မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော တည်ရှိနေတဲ့ ပြဿနာဖြစ်ပါတယ်။ လာမယ့် ငါးနှစ်တာ ကာလအတွင်း NLD အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် ပြီးဆုံး၊ ရေရှည် ငြိမ်းချမ်းရေး ရအောင်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ” ပြီးခဲ့တဲ့ ဇန်န၀ါရီလက စီးပွားရေး ပညာရှင် Lex Reiffel ရေးသားခဲ့တဲ့ “မြန်မာနိုင်ငံရဲ့ စီးပွားရေးကို NLD အနေနဲ့ ပြုပြင်ပြောင်းလဲနိုင်မလား” “Can the NLD reform Myanmar’s economy” ဆိုတဲ့ ဆောင်းပါးမှာ NLD အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် အချက်နှစ်ချက်က လွှမ်းမိုးမှုရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ပထမအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးတိုးတက်မှုဟာ သဘာဝ သယံဇာတတွေ ထုတ်ယူတဲ့ လုပ်ငန်းတွေ အပေါ်မှာ မှီခိုနေပြီး၊ NLD အစိုးရ ရည်မှန်းထားသလို စိုက်ပျိုးရေးကို အခြေခံပြီး ကျယ်ပြန့်တဲ့ စီးပွားရေး တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုတာက နောက်ငါးနှစ်အတွင်း မလွယ်ကူသေးတဲ့အတွက်၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်မှုရှိမရှိဆိုတာဟာ နိုင်ငံ့စီးပွားရေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါ့အပြင် ဒုတိယအချက်အနေနဲ့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားတွေရဲ့ စွမ်းဆောင်မှု မကောင်းတာကလဲ NLD ရဲ့ စီးပွားရေး မူဝါဒတွေအကောင်အထည်ဖော်ရာမှာ သက်ရောက်မှု ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။ အရင်အစိုးရလက်ထက်မှာ ဆယ်စုနှစ်တွေတော်တော်များများကြာအောင် လူထုရဲ့ ပညာရေး မြင့်မားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို လျှစ်လျူရှခံခဲ့ရတာကြောင့်အပြင်၊ ပြည်ပ အစိုးရနဲ့ အဖွဲ့အစည်းတွေကလည်း အတိုက်အခံနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ကိုပဲ အာရုံစိုက်ပြီး ကူညီထောက်ခံခဲ့ကြတာကြောင့် အစိုးရ ယန္တရားတွေရဲ့ စွမ်းဆောင်မှု အားနည်းနေတာဖြစ်တယ်လို့ မစ္စတာ Lex Reiffel က သုံးသပ်ထားပါတယ်။ http://burmese.voanews.com/a/myanmar-economic-challenges/3307426.html http://burmese.voanews.com/a/myanmar-economic-challenges/3307426.html Fri, 29 Apr 2016 05:15:43 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) မြန်မာအပေါ် လက်နက်ဆိုင်ရာဒဏ်ခတ်မှု EU သက်တမ်းတိုး "ဒီဆုံးဖြတ်ချက်ကို ဧပြီလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပြီး၊ ဧပြီ ၂၂ ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။" http://burmese.voanews.com/a/eu-embergo/3306151.html http://burmese.voanews.com/a/eu-embergo/3306151.html Thu, 28 Apr 2016 07:59:37 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) ကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ လူငယ်ခေါင်းဆောင် ဆုပေးပွဲကျင်းပ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၆ တက်သစ်စ လူငယ် ခေါင်းဆောင်ဆု 2016 Young Emerging Leaders Award ဆုချီးမြှင့်ခံရတဲ့လူငယ် ၁၀ ဦးထဲမှာ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးလည်းပါဝင်ပါတယ်။ http://burmese.voanews.com/a/emerging-youth-leader-prize-myanmar-youth-/3293995.html http://burmese.voanews.com/a/emerging-youth-leader-prize-myanmar-youth-/3293995.html Wed, 20 Apr 2016 22:08:50 +0630 မြန်မာnoreply@voanews.com (ရဲခေါင်, ရှားဖောင်) New York မှာ သမ္မတ ကိုယ်စားလှယ်လောင်းတွေ အကြိတ်အနယ်ပြိုင် ဒီနေ့မှာ ကျင်းပမယ့် နယူးယောက်ပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် တို့ နှစ်ဦးဟာ အနိုင်ရဖို့ ထိပ်ဆုံးက ပြေးနေပါတယ်။ သူတို့အနိုင်ရခဲ့ရင် ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံဖို့  အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းကို ကိုရဲခေါင်က ပြောပြပါမယ်။ ရီပတ်ဘလစ်ကန် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Donald Trump အနေနဲ့ နယူးယောက် ပြည်နယ်မှာ အနိုင်ရလိုက်မယ်ဆိုရင် ပါတီကိုယ်စားပြု သမ္မတ ကိုယ်စားလှယ် အဖြစ် သေချာပေါက် အရွေးခံရဖို့ အတွက် ကြီးမား တဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။ “အင်္ဂါနေ့မှာ ခင်ဗျားတို့ ထွက်ပြီး၊ မဲပေးကြပါ။ မိတ်ဆွေတွေကိုလည်း မဲပေးဖို့ တိုက်တွန်းပေးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရှေ့ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ဖို့ရှိနေလို့ပါ။ ဒါကတော့ ဒီနိုင်ငံမှာ တစ်ခါမှာ မမြင်ခဲ့ရဘူးတဲ့ လှုပ်ရှားမှုမျိုးပါ။” ထရမ့်ဟာ မကြာသေးခင်က ပြိုင်ဘက် Ted Cruz ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြန်လည် အနိုင်ရဖို့ မျှော်လင့်နေတာပါ။ Ted Cruz ကတော့ Donald Trump ဟာ မဲဆန္ဒရှင် တော်တော်များများအတွက် မျက်နှာပျက်စရာတွေ လုပ်ခဲ့လို့ သူ့ကို ပါတီ ကိုယ်စားပြု သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရရင် ရီပတ်ဘလစ် ကန်ပါတီ အနေနဲ့ နိုဝင်ဘာလမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ သေချာပေါက် အရှုံးနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။ ”တနိုင်ငံလုံးက ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က တကယ်လို့ ဒေါ်နယ်ထရမ့်သာ ပါတီကိုယ်စားပြု သမ္မတ ကိုယ်စားလှယ်လောင်းဖြစ် သွားရင် ဟီလာရီပဲ အနိုင်ရလိမ့်မယ်လို့ ပြောကြပါတယ်။ ဟီလာရီဟာ ဒေါ်နယ်ထရမ့်ကို ဆယ်ဂဏန်းလောက် အသာနဲ့ အနိုင်ယူနိုင်ပါတယ်။ တကယ်လို့ ကျွန်တော် ပါတီကိုယ်စားပြု မယ်ဆိုရင်တော့၊ ကျွန်တော်တို့က ဟီလာရီကို အနိုင်ယူနိုင်ပါလိမ့်မယ်။” တချိန်တည်းမှာ ဒီမိုကရက်တွေဘက်မှာလည်း နိုင်ငံခြားရေး ၀န်ကြီးဟောင်းနဲ နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် ဟောင်း Hillary Clinton ဟာ သူမရဲ့ နယူးယောက်ပြည်နယ်မှာ အသာရဖို့ ကြိုးစားနေပါတယ်။ ”ရှင်တို့ အင်္ဂါနေ့မှာ သွားပြီး ကျွန်မအတွက် မဲပေးမယ်ဆိုရင်၊ ကျွန်မအနေနဲ့ ဒီမဲဆွယ်စည်းရုံးမှုအတွင်းမှာကော၊ အိမ်ဖြူတော်မှာ ရှိနေမယ့် နေ့ရက်တိုင်းမှာပါ ရှင်တို့အတွက် တိုက်ပွဲဝင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။ Staten Island ကျွန်းသူ ကျွန်းသားတွေကို ဘုရားရှင် ကောင်းချီးပေးပါစေ။” နယူးယောက်မြို့အနီးက Staten Island ကျွန်းမှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွင်းမှာ ဟီလာရီ ကလင်တန်က ခုလို ပြောသွားပါတယ်။ သူမရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Bernie Sanders ကတော့ မဲဆွယ်စည်းရုံးရေးတွေ ခဏရပ်ပြီး သောကြာနေ့က ဗာတီကန် ညီလာခံတစ်ခုမှာ စီးပွားရေး မညီမျှမှုအကြောင်း သွားရောက် မိန့်ခွန်းပြောနေပါတယ်။ ဒါက သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အဓိက အကြောင်းအရာဖြစ်ပါတယ်။ ”ကျွန်တော် ဟာ ရီပတ်ဘလစ်ကန်တွေကို အားအကောင်းဆုံး ယှဉ်ပြိုင်အနိုင်ယူနိုင်မယ့် ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ရင်ထဲ အသဲထဲကနေ ယုံကြည်ပါတယ်။ ဒါကို ဒီမိုကရက်တွေကလည်း တစ်စထက်တစ်စ ပိုပြီး နားလည်လာကြလိမ့်မယ်လို့ ထင်ပါတယ်။” နယူးယောက်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ မြန်မာအချို့ဟာလည်း နယူးယောက်ပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြင်ဆင်နေကြပါတယ်။ နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးဖြစ်တဲ့ ကိုမိုးချမ်း ကတော့ ပြည်နယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း BERNIE SANDERS ကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်လို့  ပြောပြပါတယ်။ " BERNIE SANDERS  က နံပတ်တစ် သူ့ရဲ့ရိုးသားမှု ကိုဖော်ပြနိုင်တယ်ပေါ့ဗျာ။ အထူးသဖြင့် သူဌေးကြီးတွေရဲ့ ထောက်ပံ့ငွေတွေနဲ့ သူဒီရွေးကောက်ပွဲကို ဝင်နေတာမဟုတ်ဘူး။ သူဝင်နေတာကတော့ တကယ့်ကို သာမာန်ပြည်သူလူထု အများစုဖြစ်တဲ့ ၁၅ဒေါ်လာ၊ ၂၀ ဒေါ်လာနဲ့ လှူဒါန်းတဲ့ငွေတွေနဲ့ တကယ့်အခြေခံလူတန်းစားတွေ လှူဒါန်းတဲ့ငွေတွေနဲ့ သူ ရွေးကောက်ပွဲကို ဝင်ပြိုင်တာဖြစ်တဲ့ အတွက်ကြောင့် သာမာန်လူထုအများစုကို ကိုယ်စားပြုတဲ့သူဖြစ်တယ် ဆိုတာကို သူက ပေါ်ပေါ်လွင်လွင် ပြသနိုင်တယ်ပေါ့နော်။ ပြီးတော့ တပြိုင်နက်တည်းမှာ သူ့ရဲ့ ကြိုးစားမှုကိုလည်း ဖော်ပြနိုင်တယ်။ အသက်ကြီးပေသော်ငြားလည်း သူဟာ တကယ့်လူငယ်တယောက်လိုပဲ ပြောနိုင် ဆိုနိုင်တဲ့ အနေအထားမျိုးတွေဖြစ်တယ်။ တဘက်သားလူရဲ့ အားနည်းချက်တွေကို လိမ်မာပါးနပ်စွာနဲ့ထောက်ပြနိုင်တယ်။ သူ့ရဲ့အားသာချက်ကိုလည်း သူက ဖော်ပြနိုင်တယ်ပေါ့နော်။ သူ့ရဲ့အားသာချက်မှာ အထူးသဖြင့် သူ သမ္မတဖြစ်လာလို့ရှိရင် သူ အဓိက လုပ်ကိုင်မယ့် ကိစ္စတွေထဲမှာ လူငယ်တွေရဲ့ပညာရေးကို အခမဲ့ဖြစ်သွားအောင် စီစဉ်ပေးမယ်ဆိုတဲ့ ကြွေးကြော်သံကို သူ ကကြွေးကြော်နေတာ တောက်လျောက်ပဲ။" ဒီနေ့ ကျင်းပမယ့် နယူးယောက်ပြည်နယ်ရွေးကောက်ပွဲ ရဲ့ အောင်မြင်မှုဟာ ဒေါ်နယ်ထရမ့်နဲ့ ကလင်တန်တို့ နှစ်ဦးလုံးအတွက် ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။   http://burmese.voanews.com/a/trump-clinton-look-to-rebound-in-nyc-primary/3291701.html http://burmese.voanews.com/a/trump-clinton-look-to-rebound-in-nyc-primary/3291701.html Tue, 19 Apr 2016 07:21:51 +0630 နိုင်ငံတကာnoreply@voanews.com (ရဲခေါင်) ၂၀၁၆ စီးပွားဖွံ့ဖြိုးမှု ထိပ်ဆုံးက မြန်မာ “မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်အတွက် ကျွန်မတို့ ခန့်မှန်းထားတာကတော့ ကမ္ဘာ့ နိုင်ငံတွေ ထဲမှာ အားအကောင်းဆုံး နှုန်း နဲ့ တိုးတက်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၈.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။" http://burmese.voanews.com/a/imf-forecast-on-myanmar/3286300.html http://burmese.voanews.com/a/imf-forecast-on-myanmar/3286300.html Fri, 15 Apr 2016 05:37:55 +0630 မြန်မာnoreply@voanews.com (ရဲခေါင်) Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာတာဝန်ရှိ "ကျမရဲ့ အမြင်အရတော့ ဒီသတင်းအချက်အလက်တွေဟာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်စိတ်ချရမှု ရှိပါတယ်။" http://burmese.voanews.com/a/panama-burma/3274070.html http://burmese.voanews.com/a/panama-burma/3274070.html Thu, 07 Apr 2016 07:38:19 +0630 မြန်မာnoreply@voanews.com (ရဲခေါင်)